မဇ္ဈိမသတင်းဌာန သြဂုတ်လ ၁၁ ရက်၊ ၂၀၀၇ ခုနှစ်။
ရက်သတ္တပတ် နှစ်ပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ကချင်ပြည်နယ် ဖါးကန့်မြို့နယ် အတွင်းရှိ ဆိုင်းတောင်ရွာနှင့် အနီးတ၀ိုက်တွင် အိမ်ခြေ ၂၀၀ ကျော် ရေနှစ်မြှုပ် ခဲ့ကြောင်း ဒေသခံ မိသားစု ၁၀၀ ကျော်
ရက်သတ္တပတ် နှစ်ပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ကချင်ပြည်နယ် ဖါးကန့်မြို့နယ် အတွင်းရှိ ဆိုင်းတောင်ရွာနှင့် အနီးတ၀ိုက်တွင် အိမ်ခြေ ၂၀၀ ကျော် ရေနှစ်မြှုပ် ခဲ့ကြောင်း ဒေသခံ မိသားစု ၁၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်နေရကြောင်း ဒေသခံများ အပြောအရ သိရသည်။
ဇူလိုင် လကုန်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုင်းတောင်ရွာ အနီးရှိ ဥရုချောင်း ရေလျှံကာ ဖားကန့်မြို့နယ်နှင့် တမိုင်ခန့် အကွာတွင် တည်ရှိသော ဆိုင်းတောင် ကျေးရွာ နှင့် အနီးတ၀ိုက်ရှိ ရွာများမှ အိမ်များ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
“ ဆိုင်းတောင်ရွာ တ၀က်လောက် ရေလွှမ်းခဲ့တယ်။ ဖါးကန့်မှာလည်း ကျောက်ဝိုင်းနဲ့ လက်ဖက်ရည် ဆိုင်တွေအထိ ရေလွှမ်းခဲ့တယ်။ အခုတော့ နည်းနည်း ကျလာပါပြီ။ ဒါပေမယ့် တချို့ နေရာမှာတော့ လှေနဲ့ သွားနေရတုန်းပဲ” ဟု အမည်မဖော်လိုသူ ဖားကန့်မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။
လူအသေအပျောက် မရှိသော်လည်း ဒေသခံ မိသားစု ၁ ရာကျော် တောင်ကုန်းများပေါ်တွင် ပလတ်စတစ်များ အမိုးအကာ များဖြင့် လူနေတဲများ ဆောက်လုပ်ကာ နေထိုင်ကြရပြီး အချို့ မိသားစုများမှာ ဆွေမျိုးများ၏ နေအိမ်တွင် ခိုကပ် နေထိုင်ကြရသည်ဟု သိရသည်။
မြောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမင်းကိုယ်တိုင် ဆိုင်းတောင်ရွာနှင့် အနီးဆုံးဖြစ်သည့် ဖားကန့်မြို့ အတွင်းသို့ ရောက်ရှိလာသော်လည်း ဒုက္ခသည်များအတွက် အကူအညီကတော့ အလှမ်းဝေးနေဆဲ ဖြစ်သည်။
“ကျနော်တို့က အရမ်း မျှော်လင့်ခဲ့တယ်။ ဘယ်လို ဖြစ်တယ်၊ ရေဘယ်လောက်ထိ ကြီးတယ်၊ ဘယ်လောက် ပျက်စီးသွားတယ် ဆိုတာ လာကြည့်ရင်တော့ ကျနော်တို့ လူထုကလည်း နည်းနည်း စိတ်သက်သာနိုင်မယ်။ အခုတော့ တညအိပ်ပြီး ပြန်လှည့်သွားတယ်။ ရောက်တောင် ရောက်ပြီးတော့မှ ခဏလေးတော့ လာကြည့်သင့်တာပေါ့” ဟု မြို့ခံက ပြောသည်။
ယခင်နှစ်ကလည်း ယခုလို မိုးတွင်းကာလ၌ ဥရုချောင်း ရေလျှံကာ ချောင်းဘေး တလျှောက်ရှိ ဖားကန့်မြို့နှင့် ကျေးရွာ အတော်များများ ရေထဲ နှစ်မြှုပ်ခဲ့သော်လည်း ယခုတကြိမ်ကား ပိုမို ဆိုးရွားခဲ့သည်။
အဆိုပါ ဖားကန့်မြို့ခံက နိုင်ငံ၏ အဖိုးတန် ကျောက်စိမ်းကောင်းများ ထွက်ရှိရာ ဖားကန့်မြို့ အတွင်းရှိ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများက မြေဇာများကို ဥရုချောင်းထဲသို့ သွန်ချကြသဖြင့် ရေလမ်းကြောင်း ပိတ်ကာ ချောင်းအနီး မြို့ရွာများသို့ ရေတက်လာလေ့ ရှိသည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.bnionline.net/bur/index.php?option=com_content&task=view&id=896&Itemid=28 ကနေ ယူတယ်။)
No comments:
Post a Comment