Friday, August 10, 2007

red ribbon group's religious ceremony

(ဘလော့ဂါမှတ်ချက် ၁ - read more ကိုနှိပ်ပါ။ ဘုန်းကြီးကျောင်းထဲ မဖိတ်ခေါ်ဘဲရောက်နေတဲ့ ပြည်သူ့စွမ်းအားရှင်တွေကို တွေ့ရမယ်။ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်တောင် ပါသေးတယ်။)
ဖဲကြိုးနီနှင့် သူငယ်ချင်းများ၏အလှူပွဲ ကျင်းပမည်
ကိုသက် သြဂုတ် ၁၀၊ ၂၀၀၇



မနှစ်တုန်းက ၀ါဆိုသင်္ကန်းကပ် အလှူလုပ်ဖို့ ကြိုးစားတယ်။
အာဏာပိုင်တွေက အလှူကို ဖျက်လိုဖျက်ဆီးနဲ့ အနှောင့်အယှက်ပေးတယ်။ လူတွေကိုဖမ်းဆီးတယ်။
ဒီနှစ်တော့ အဲဒီလိုအဖြစ်မျိုး မဖြစ်စေချင်တော့ဘူး”


လွန်ခဲ့သည့်နှစ်တွင် အာဏာပိုင်တို့က ဖျက်ဆီးခဲ့သောကြောင့် အထမမြောက်ခဲ့သည့် အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များ ပြုလုပ်သော “ဖဲကြိုးနီနှင့် သူငယ်ချင်းများ” ၀ါဆိုသင်္ကန်းကပ်လှူပွဲကို လာမည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။








ယမန်နှစ် ဖဲကြိုးနီ အလှူပွဲသို့ ၀င်ရောက်တားဆီးသူများကိုတွေ့ရစဉ်
ဓာတ်ပုံ - ဧရာဝတီ


၎င်းအလှူပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ကိုယ်ခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနှင့် ပညာပေးရေးလုပ်ငန်းများကို လုပ်ကိုင်နေသူများ လိုက်လံကူညီနေသည့် ဝေဒနာရှင်များက ပြုလုပ်သော အလှူပွဲဖြစ်သည်။
အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်ငါးဦးကလည်း သြဂုတ်လ ၁၁ ရက်နေ့ညနေပိုင်းတွင် မဂ္ဂဘုန်းကြီးကျောင်း၌ သင်္ကန်းစည်းမည်ဟု အလှူပွဲဖြစ်မြောက်ရန် လိုက်လံကူညီနေသည့် အန်အယ်လ်ဒီပါတီဝင် ကိုရာဇာက ပြောသည်။

ကိုရာဇာက “မနှစ်တုန်းက ၀ါဆိုသင်္ကန်းကပ် အလှူလုပ်ဖို့ ကြိုးစားတယ်။ အာဏာပိုင်တွေက အလှူကို ဖျက်လိုဖျက်ဆီးနဲ့ အနှောင့်အယှက်ပေးတယ်။ လူတွေကိုဖမ်းဆီးတယ်။ ဒီနှစ်တော့ အဲဒီလိုအဖြစ်မျိုး မဖြစ်စေချင်တော့ဘူး”ဟု ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက မဂ္ဂင်ဘုန်းကြီးကျောင်း၌ အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များ၏ ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ဒေသခံအာဏာပိုင်တို့က ဟန့်တားကာ ၎င်းအလှူပွဲဖြစ်မြောက်ရေးအတွက် အကူအညီပေးနေသည့် အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးကို ဧည့်စာရင်းအမှုဖြင့် ဘုန်းကြီးကျောင်း၌ပင် ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ထိုသို့ အကူအညီပေးနေသူများကိုဖမ်းဆီး၍ အလှူပွဲကိုလည်း ဟန့်တားရခြင်းမှာ အလှူပွဲဖိတ်စာတွင်ပါရှိသည့် “ဖဲကြိုးနီ” ဟူသည့် စာသားကြောင့် ဖြစ်သည်။ “ဖဲကြိုးနီ” ဟူသည့် အဓိပ္ပာယ်မှာ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအား ရောဂါနာမည် တပ်ခေါ်လျှင် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စေသောကြောင့် နိုင်ငံတကာတွင် တင်စားခေါ်ဝေါ်သည့် အသုံးအနှုန်း ဖြစ်သည်။

“မနှစ်က ဖျက်ဆီးခံရတဲ့အလှူကို ပြန်လုပ်တဲ့သဘောပါ။ ဒီနေ့မနက်အထိတော့ ဘုန်းကြီးကျောင်းကို ဒီအလှူကို လက်မခံဖို့ ဆိုတာမျိုး လာပြောတာမကြားရဘူး။ ဒါပေမယ့် ကျောင်းပတ်ဝန်းကျင်မှာ ထောက်လှမ်းရေးတွေလာပြီး စောင့်ကြည့်တာမျိုး တွေတော့ ရှိတယ်”ဟု ကိုရာဇာက ပြောသည်။
၎င်းအလှူပွဲသို့ အန်အယ်လ်ဒီ ပါတီဝင်များအပါအ၀င် အန်ဂျီအိုအဖွဲ့အစည်းများ၊ အိပ်ခ်ျအိုင်ဗီလုပ်ငန်းများနှင့် ဆက်စပ်နေ သည့် သံရုံးဝန်ထမ်းများနှင့် အတိုက်အခံအင်အားစုများကို ဖိတ်ကြားထားကြောင်းလည်း စုံစမ်းသိရှိရသည်။




(ဘလော့ဂါမှတ်ချက် ၂- ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_10b_07.html ကနေ ယူတယ်။




No comments: