Monday, August 6, 2007

the Waves mag condition

မဇ္ဈိမသတင်းဌာန
The Waves မဂ္ဂဇင်း၊ မျက်နှာဖုံးဆင်ဆာကြောင့် ထုတ်ဝေမှု ကြန့် ကြာနေ။
နန်းဒေ၀ီ
သြဂုတ်လ ၆ ရက်၊ ၂၀၀၇ ခုနှစ်။
ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ၊ စာပေ စီစစ်ရေးမှ လစဉ်ထုတ် မဂ္ဂဇင်းတစောင် ဖြစ်သည့် The Waves အား ထုတ်လုပ်ခွင့် ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။


အချောသတ်ပြီးသား၊ သြဂုတ်လ ထုတ်ဝေမည့် The Waves မဂ္ဂဇင်း၏ မျက်နှာဖုံး Graphic Design Art ကြောင့် ဆင်ဆာအဖွဲ့ မှ ပြန်လည် ပြင်ဆင်ရန် ပြောပြီးနောက် ယခုလို နောက်ကျရခြင်း ဖြစ်ကြောင်းသိရသည်။

“စာပေ စီစစ်ရေးကို တင်ထားတာ မကျသေးဘူးလို့ သိရတယ်၊ နောက်ကျ နေတယ်၊ စနေနေ့ တော့ အဖြေသိရမယ်၊ ထုတ်ခွင့် ရှိမရှိ ဆိုတာကို ပေါ့ဗျာ” ဟု နီးစပ်သည့် စာပေ အသိုင်းဝိုင်းမှ မဇ္ဈိမကို ပြောသည်။

သူကဆက်၍ ပြောဆိုရာတွင် “တကယ်လို့ သြဂုတ်လ မထွက်ဖြစ်ဘဲ နောက်ကျလို့ ရှိရင်တော့ ပေါင်းပြီးတော့ နောက်လ စက်တင်ဘာလမှာ ပေါင်းထုတ်ဖို့ အစီအစဉ် ရှိတယ်” ဟု ပြောသည်။

ယခုလို မဂ္ဂဇင်း ထုတ်ဝေခွင့် နောက်ကျရခြင်းသည်၊ ၎င်းမျက်နှာဖုန်းတွင် သုံးထားသွော Graphic Design Art ကြောင့် ဖြစ်ပြီး၊ စာပေ စီစစ်ရေးမှ ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုသည့် အတွက် ပြင်ဆင် ပေးပြီးနောက် ခေတ္တ စောင့်ဆိုင်းရန် ပြောထားကြောင်း ၎င်းမဂ္ဂဇင်းတိုက်မှ အယ်ဒီတာ တဦးက ယခုလို ပြောသည်။

“ဒီလထုတ်က၊ မထွက်ဖြစ်သေးပါဘူး ခင်ဗျ၊ ပုံမှန် ၁၀ ရက်နေ့မှ ထွက်တတ်ပါတယ်၊ ကျနော်တို့ ပြင်လိုက်ပြီးတော့ တင်လိုက်ပြီးပြီ ခင်ဗျ၊ ကျနော်တို့ စာအုပ်ကွ Graphic Design Art တွေ ဆိုတော့ဗျာ၊ ကျနော်တို့ တင်ကတည်းက ဘာရည်ရွယ်ချက်နဲ့ မှ တင်တာ မဟုတ်ဘူး ဆိုတော့၊ သူတို့ ဘက်က ဒါလေး ပြင်ပေးပါ ဆိုလို့ ကျနော်တို့ ပြင်လိုက်တာပါဘဲ၊ တခြား ဘာမှ မဟုတ်ပါဘူးခင်ဗျာ”ဟု ပြောသည်။

ပုံမှန်လစဉ်ထုတ် The Waves မဂ္ဂဇင်းသည် တတိယလှိုင်း၊ အတွေးအမြင်၊ အနာဂတ်ကို ရှူမျော်တွေးခြင်း စသည့် ဘာသာပြန် ဆောင်းပါးများကို ရေးသား ထုတ်ဝေလေ့ ရှိကာ၊� ၎င်းမဂ္ဂဇင်း၏ မျက်နှာဖုံးများအား သရုပ်ဖော်ပုံများ သုံးလေ့ မရှိဘဲ၊ ယခုကဲ့သို့ Graphic Design Art နှင့် ထုတ်လေ့ ရှိခဲ့ရာ တခါတရံ ရှောရှောရှူရှူ ထုတ်ဝေခွင့် ရခဲ့သော်လည်း၊ ယခုလို ကြန့် ကြာခဲ့သည့် အခါမျိုးလည်း ရှိကြောင်း၊ သို့ သော် စာပေ လောကရှိ မဂ္ဂဇင်းတိုက်များ တွေ့ကြုံနေရသည့် အလေ့ထတခု ဖြစ်ကြောင်း၊ မဂ္ဂဇင်း အယ်ဒီတာ တဦးက ယခုလို ပြောဆိုခဲ့သည်။

“ဒီအခက်ခဲမျိုးက မဂ္ဂဇင်းတိုင်းမှာ ကြုံရတဲ့ အခက်ခဲမျိုးတွေ ပါဗျာ၊ ဒါ ထူးထူးခြားခြား တွေ့ ကြုံရတဲ့ အခက်အခဲ မဟုတ်တော့ပါဘူး၊ ကျနော်တို့ တင်လိုက်တယ်ဗျာ၊ သူတို့ သဘောမကျရင်တော့ ပြင်ပေး လိုက်တာပါဘဲ။ ကျနော်တို့ တင်လိုက်တာကလည်း ဘာရည်ရွယ်ချက်မှ မပါဘူး၊ သူတို့က သူတို့ အမြင်၊ ရူထောင့်နဲ့ သူတို့ ကြည့်တယ်ဗျာ၊ ဒါလေး ပြင်ပေးပါဆို ပြင်ရတာပါဘဲ”ဟု ပြောသည်။


No comments: